Angel's Secret

Be natural

Be Beautiful

Be You

Product new available

Shop our top-selling products that our customers rave about, from Makeup to skincare

Angel's Secret စတင်ဖြစ်ပေါ်လာခြင်း


Angels Secret သည် အလှအပကြိုက်နှစ်သက်တဲ့ မည်သူမဆိုစစ်မှန်ပြီး ဘေးကင်းတဲ့ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များ အသုံးပြုစေချင်သည့် အိပ်မက်သေးသေးလေးမှ စတင်လာခဲ့ပါသည်။


၂၀၁၈ ခုနှစ်တွင် ထိုင်းနှင့် မြန်မာလုပ်ငန်းရှင်များ ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး၊ အာရှတဝန်းအတွင်းရှိ မိန်းကလေးများအား သဘာဝအလှအပ ပေးဆောင်ရန်ကို ရည်ရွယ်ချက်အဖြစ်ယူဆထားခဲ့ပါသည်။


Angel's Secret၏ ထုတ်ကုန်များသည် GMP နှင့် HACCP အသိအမှတ်ပြု လုပ်ငန်းများတွင် ဖွံ့ဖြိုးတီထွင် ထုတ်လုပ်ထားပြီး၊ အရည်အသွေးနှင့် ဘေးကင်းမှုနှစ်ခုစလုံးအတွက် အာမခံထားပါသည်။


မြန်မာနိုင်ငံ၌ ပထမဦးစွာ စတင်မိတ်ဆက်ခဲ့ပြီး ဝယ်ယူအားပေးမှုအထူးကောင်းမွန်သည်ကို တွေ့မြင်ခဲ့ပါသည်။ ထို့နောက် ထိုင်းနိုင်ငံ၊ နောက်တဆင့် အနေဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်တဲ့ (ဘရိန်း၊ အိုမန်၊ ဆော်ဒီအာရေးဗီးယား) သို့ ချဲ့ထွင်ခဲ့ပါသည်။ယခုအခါတွင် ကျွန်ုပ်တို့၏ ရည်မှန်းချက်နှင့် တူညီသော (distributors) အတွက် ကမ္ဘာအနှံ့ ချဲ့ထွင်ရန် ရည်မှန်းထားပါသည်။ အလှအပတွင် နယ်နမိတ်ဆိုသည်မှာ မရှိကြောင်း ယုံကြည်ပါသည်။


ထုတ်ကုန်ဖွံ့ဖြိုးမှု :


2018: မိတ်ကပ်ထုတ်ကုန်ဖြင့် စတင်မိတ်ဆက်ခဲ့ပါသည်။


2022: ခန္ဓာကိုယ်ဖြည့်စွက်စာ(Collagen)


2024: ‌ရေမွှေးနှင့် Body Lotionများ


2025: Skincare Productsrsm; မိတ်ဆက်မည်ကျွန်ုပ်တို့၏ ဂုဏ်ယူစရာအရာမှာ ရောင်းအားတစ်ခုတည်းမဟုတ်ပဲ

ကျွန်ုပ်တို့၏သုံးစွဲသူအများစုသည် ထုတ်ကုန်အပေါ် သဘောကျခြင်းကြောင့် ပြန်လည်ဝယ်ယူသည့်အပြင်၊ အချို့ကတော့ ရောင်းသူအဖြစ် တက်ကြွလာကြပါသည်။


မိန်းကလေးများအား အလှအပနှင့်ဘဝအခွင့်အလမ်းတစ်ပြိုင်နက်တည်းဖြင့် အားဖြည့်ပေးနိုင်မှုသည် ကျွန်ုပ်တို့အတွက် တကယ်သောဂုဏ်ယူစရာဖြစ်ပါသည်။Be Natural, Be Beautiful, Be You

သင်၏ သဘာဝအလှပကိုကမ္ဘာသို့ မျှဝေပေးရခြင်းမှာ ကျွန်ုပ်တို့၏ ဂုဏ်ယူစွာထားရှိသော လျှို့ဝှက်ချက် ဖြစ်ပါသည်။





မဟာဗျူဟာ

အာရှတဝိုက်ရှိအမျိုးသမီးများအတွက် အရှိန်အဟုန်အပြည့်အဝ ယုံကြည်မှုအမြင့်ဆုံး အလှကုန်အမှတ်တံဆိပ်တစ်ခုဖြစ်လာရန်၊

လုံခြုံပြီး ဘေးကင်းသော ထုတ်ကုန်များကို ပေးအပ်သည့်အပြင်၊

အခွင့်အလမ်းများနှင့် ယုံကြည်မှုအပြည့်အဝဖြင့် ကမ္ဘာတဝှမ်းရှိအမျိုးသမီးများကို အားဖြည့်ကူညီပေးရန် ရည်ရွယ်ပါသည်။

Angels Secret မှ THAI EXPO Yangon 2025 တွင် ပါဝင်တက်ရောက်ခြင်း မြန်မာနိုင်ငံတွင် အောင်မြင်မှုကြီးတစ်ခု

2025 ခုနှစ် ဇွန်လ 6 ရက်နေ့မှ 8 ရက်နေ့အထိ ကျင်းပသော THAI EXPO Yangon 2025 တွင် Angels Secret သည် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့ Yangon Convention Center Hall တွင် ပြုလုပ်သော အထင်ကရပြပွဲကြီးသို့ တက်ရောက်ဖော်ပြခဲ့သည်။


THAI EXPO Yangon 2025 တွင် Angels Secret ရဲ့ တောက်ပမှု

မြန်မာနိုင်ငံတွင် ချစ်ခင်အားပေးသူများနှင့် တိုက်ရိုက်တွေ့ဆုံရခြင်း၊ ထုတ်ကုန်များကို စမ်းသပ်ဝယ်ယူနိုင်စေခြင်းတို့ဖြင့် Angels Secret သည် ဤပြပွဲကြီးတွင် အောင်မြင်မှုအလွန်များခဲ့သည်။ အထူးပရိုမိုးရှင်းများ၊ လျှော့ဈေးအစီအစဉ်များ နှင့် အရည်အသွေးမြင့် ထုတ်ကုန်များ ကြောင့် ဝယ်သူများ၏ လှုပ်ရှားမှုနှင့် ဝါသနာတကြီးရရှိခဲ့သည်။


Nay San နှင့် Teddy တို့၏ ပွဲတက်ရောက်မှု

မြန်မာနိုင်ငံတွင် လူကြိုက်များသော Influencer များ Nay San နှင့် Teddy တို့လည်း Angels Secret ၏ ဆိုင်ခန်းသို့ လာရောက်ခဲ့ကြပြီး ပရိသတ်များနှင့်အတူ ဓာတ်ပုံရိုက်ခြင်း၊ ပွဲထဲတွင် စိတ်ဝင်စားဖွယ်အကြောင်းအရာများကို မျှဝေခဲ့ကြသည်။


ကိုယ်စားလှယ်များနှင့် အနာဂတ်အတွက် ခိုင်မာသောဆက်ဆံရေး

ပြပွဲအတွင်း Angels Secret သည် ရန်ကုန်မြို့ရှိ ကိုယ်စားလှယ် များနှင့် ပြန်လည်တွေ့ဆုံခြင်းအားဖြင့် မိမိတို့၏အမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင် ပိုမိုခိုင်မာစေမည့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အခွင့်အလမ်းကောင်းတစ်ခုကို ရရှိခဲ့သည်။


ဂိမ်းများ၊ လက်ဆောင်များနှင့် အမှတ်ရစရာအချိန်များ

ပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်ဂိမ်းများ၊ လက်ဆောင်ပစ္စည်းများပေးခြင်းနှင့် ဓာတ်ပုံရိုက်ခြင်းအစီအစဉ်များဖြင့် Angels Secret ဆိုင်ခန်းကို လာရောက်သူများအတွက် မေ့လျော့လို့မရတဲ့အမှတ်တရ အတွေ့အကြုံများကို ဖန်တီးပေးနိုင်ခဲ့သည်။


ပြန်လည်တွေ့ဆုံမည့်အခွင့်အလမ်း

ကျွန်ုပ်တို့၏ Angels Secret ကို ယုံကြည်အားထား၍ လာရောက်ခဲ့ကြသည့် မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။ ဒီတစ်ခေါက် လာမရခဲ့သူများအတွက်တော့ ဒီဇင်ဘာ 2025 တွင် ပြန်လည်ကျင်းပမည့် THAI EXPO Yangon တွင် တွေ့ဆုံမည့်အခွင့်အရေးရှိပါမည်။

Free delivery

Enjoy the convenience of free delivery on all your purchases.

How to order

Add the product to your shopping cart and proceed to checkout.

How to payment

Payment types include cash, COD , credit/debit cards

Order tracking

Monitor the status of their online purchase from the moment

เว็บไซต์นี้มีการใช้งานคุกกี้ เพื่อเพิ่มประสิทธิภาพและประสบการณ์ที่ดีในการใช้งานเว็บไซต์ของท่าน ท่านสามารถอ่านรายละเอียดเพิ่มเติมได้ที่ นโยบายความเป็นส่วนตัว and นโยบายคุกกี้
Compare product
0/4
Remove all
Compare
Powered By MakeWebEasy Logo MakeWebEasy